ဗာတီကန်စီးတီးမှာ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူရင် ရှေးခေတ်ရောမနဲ့ ခရစ်ယာန်ဓလေ့ထုံးစံတွေအရ ၉ ရက်ကြာ ဝမ်းနည်းခြင်းကာလကို သတ်မှတ်ထားပါတယ်။ ဒီဓလေ့ကို "Novendiales" လို့ ခေါ်ပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူပြီးတဲ့နောက် ဗာတီကန်မှာ ဝမ်းနည်းခြင်းကာလ စတင်ခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနကို ကျင်းပခဲ့ပြီးတဲ့နောက် "Novendiales" ဝမ်းနည်းခြင်းကာလကို ဆက်လက်ကျင်းပခဲ့ကာ မေလ ၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီ ၉ ရက်တာကာလအတွင်း ကမ္ဘာတစ်ဝှမ်းက ကာဒီနယ်တွေဟာ ရောမမြို့မှာ စုဝေးပြီး ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။



