လျှပ်စစ်မီးပေးချိန်များ မမှန်မကန်ဖြစ်လာခြင်းကြောင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ရောင်းအားကျဆင်းလာပြီး ဆိုလာမီးလုံး၊ အားသွင်းပန်ကာများကဲ့သို့သော ဆိုလာသုံးပစ္စည်းများသာ ဈေးကွက်တွင် ရောင်းအားကောင်းနေကြောင်း လျှပ်စစ်ပစ္စည်းရောင်းချသူများကဖော်ပြကြသည်။ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်လည်း သုံးစွဲသူများအသစ်ဝယ်ယူရန် ခက်ခဲလာသည်ဟု ကုန်စုံဆိုင်များထံမှသိရသည်။



