ကူဝိတ်မှတပါး အခြားပင်လယ်ကွေ့ လေဆိပ်များသည် ခရီးသည်နှင့် ကုန်တင်ကုန်ချ အသွားအလာ စံချိန်တင် မြင့်တက်နေသော်လည်း ကူဝိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် လျော့ကျနေသဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများသည် စီးပွားရေး တွက်ခြေမကိုက်သဖြင့် ၎င်းလေဆိပ်သို့ ပျံသန်းသည့် ခရီးစဉ်များ ရုပ်သိမ်းကြသည်မှာ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းအထိ ရှိလာပြီဖြစ်သည်။ကူဝိတ်လေဆိပ်သို့ ပျံသန်းမှု မပြုတော့သည့် လေကြောင်းလိုင်းများတွင်လဂျာမနီမှ Lufthansa လေကြောင်းလိုင်း၊ နယ်သာလန်မှ KLM လေကြောင်းလိုင်းတို့ ပါဝင်သည်။နှစ်ပေါင်း ၆၀ ကျော် ပျံသန်းခဲ့သည့် British Airways သည် ပြီးခဲ့သည့် မတ်လတွင် ရပ်လိုက်သည်။ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၄ ခုနှစ်တွင် ခရီးသည်အသွားအလာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၃ တွင် ၁၅.၆ သန်း ရှိခဲ့ရာမှ ၂၀၂၄ တွင် ၁၅.၄ သန်းသို့ ကျဆင်းခဲ့သည်။ ကူဝိတ်မှတပါး အခြားပင်လယ်ကွေ့ လေဆိပ်များသည် ခရီးသည်နှင့် ကုန်တင်ကုန်ချ အသွားအလာ စံချိန်တင် မြင့်တက်နေသော်လည်း ကူဝိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် လျော့ကျနေသဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများသည် စီးပွားရေး တွက်ခြေမကိုက်သဖြင့် ၎င်းလေဆိပ်သို့ ပျံသန်းသည့် ခရီးစဉ်များ ရုပ်သိမ်းကြသည်မှာ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းအထိ ရှိလာပြီဖြစ်သည်။ကူဝိတ်လေဆိပ်သို့ ပျံသန်းမှု မပြုတော့သည့် လေကြောင်းလိုင်းများတွင်လဂျာမနီမှ Lufthansa လေကြောင်းလိုင်း၊ နယ်သာလန်မှ KLM လေကြောင်းလိုင်းတို့ ပါဝင်သည်။နှစ်ပေါင်း ၆၀ ကျော် ပျံသန်းခဲ့သည့် British Airways သည် ပြီးခဲ့သည့် မတ်လတွင် ရပ်လိုက်သည်။ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၄ ခုနှစ်တွင် ခရီးသည်အသွားအလာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၃ တွင် ၁၅.၆ သန်း ရှိခဲ့ရာမှ ၂၀၂၄ တွင် ၁၅.၄ သန်းသို့ ကျဆင်းခဲ့သည်။



