တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နှင့်နီးစပ်ရာ Sandy Cay ကျောက်တန်းကို ပြီးခဲ့သည့်တစ်ပတ်က တရုတ် ကမ်းခြေစောင့်တပ်က တရုတ်အလံတက်လွှင့်ထူကာ အချုပ်အခြာ အာဏပြိုင်နယ်မြေများ လုံခြုံရေး ရေကြောင်းထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းလုပ်ဆောင်ချက်ဟု တရုတ်အစိုးရပိုင် CCTV သတင်းက ထုတ်ပြန်ခဲ့ရာ ဖိလစ်ပိုင်နှင့် သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်ပွားနေချိန် မေ ၃ ရက်တွင် ဗီယက်နမ်ကပါ ထိုကျောက်တန်းသည် မိမိတို့ပိုင်နယ်မြေဖြစ်သောကြောင့် နှစ်နိုင်ငံစလုံး လေးစားသမှု ရှိကြပါဟု သံတမန်ရေးရာ ကန့်ကွက်စာ ထုတ်ပြန်ပေးပို့ခဲ့ပြန်သည်။



