စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် (၃၅) ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးနေဆဲဖြစ်ကြောင်း သိရသည်။



