နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်အတွင်း ရေဘေးဒဏ်ခံခဲ့ရသော ညောင်ပင်သာကျေးရွာရှိ ပြည်သူများအတွက် တည်ဆောက်ပေးခဲ့သည့် အိမ်ရာစီမံကိန်းသည် ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍၊ ပြန်လည်နေထိုင်နိုင်ရေးအတွက် အဆိုပါအိမ်များကို ကျေးရွာသားများထံသို့ တရားဝင် လွှဲပြောင်းအပ်နှံခြင်း ပြုလုပ်လိုက်ကြောင်း သိရသည်။



