၂၀၂၅ ခုနှစ် မေ ၅ ရက် နံနက် ၇ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်များတွင် နေရာစိပ်စိပ် မိုးရွာမည်ဆိုပြီး စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းမြောက်ပိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ခြေရှိပြီး တခြားဒေသများတွင်လည်း မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ဖော်ပြထားသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မိုးထစ်ချုန်း၍ မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လှိုင်းအမြင့် ၄ ပေမှ ၇ ပေအထိရှိနိုင်သည်။



