Shan United အသင်းက University အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် AYA Pay Man Of The Match ဆုကို University အသင်း၏ဂိုးသမား ကျောနံပါတ်(၂၅) ဝေသက်စိုးကရရှိခဲ့သည်။ဝေသက်စိုးသည် Shan United အသင်း၏ ဂိုးပေါက်ကန်သွင်းချက်များနှင့် အပိုင်အခွင့်အရေးများကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းကြောင့် AYA Pay မှချီးမြှင့်သည့် အကောင်းဆုံးဆုကိုရရှိခဲ့သည်။



