တောင်ကြီးမြို့ရှိ ဝါးပြားလမ်းဆုံ မီးပွိုင့် အနီးရှိ အမှိုက်ကန်ကို ဖျက်သိမ်းလိုက်၍ ထိုအမှိုက်ကန်ကို အမှီပြုနေရသော ရပ်ကွက်များ စွန့်ပစ်ရန် အမှိုက်ကန် မရှိတော့သဖြင့် ရေမြောင်း အတွင်း အမှိုက်စွန့်ပစ်သူ များလာကြောင်း မြင်တွေ့ရသည်။တောင်ကြီးမြို့ရှိ ရပ်ကွက်တွင်းရှိ ရေနုတ်မြောင်းများ ဖြစ်သည့် ညောင်ဖြူစခန်း ရပ်ကွက် ၊ နယ်မြေ (၆) ရှိ အေးမြဂရုဏာ ကျောင်းသွားလမ်း ရပ်ကွက် ရေနုတ်မြောင်း ၊ ရတနာသီရိရပ်ကွက်နှင့် ညောင်ဖြူစခန်း ရပ်ကွက် အကြားရှိ ရေနုတ်မြောင်း စီးဆင်းရာတစ်လျှောက်လုံး ၊ ချယ်ရီကွင်း ဟိုတယ် ရှေ့ ရေနုတ်မြောင်း ၊ စျေးပိုင်းရပ်ကွက် အမွှာညီမ တံတား အနီးရေမြောင်း နှင့် အခြားရပ်ကွက် အတွင်းရှိ ချောင်ကြသော ရေနုတ်မြောင်း များတွင် စွန့်ပစ် အမှိုက်များ မြင်မကောင်းအောင် စွန့်ပစ်ထားကြောင်းသိရသည်။



