ဟားခါးမြို့တွင် ယခုလ မေ (၂)ရက်၌ အပူချိန်စံချိန်သစ် ၇ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်၊ မေ(၃)ရက်၌ ၆ ဒဿမ ၇ ဒီဂရီစင်တီဂရိတ်နှင့် ယနေ့ မေ (၄)ရက်၌ ၆ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်သို့ ရက်ဆက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။၂၀၁၁ ခုနှစ် မေလအတွင်းက ၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ကာ လွန်ခဲ့သော နှစ်ပေါင်း (၄၅)နှစ်အတွင်း စံချိန်သစ်လည်းဖြစ်ကြောင်း အသိပေးချက်အရ သိရသည်။



