မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်၊ ၉၁လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြားတွင် သီရိဓမ္မာသောကမင်းကြီး၏ ကုသိုလ်တော်ဖြစ်သည့် သမိုင်းဝင် ချမ်းသာရစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုရှိခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းနိုင်ကြသည်။အထူးသဖြင့် ငလျင်ကြီးကြောင့် စေတီတော်ကြီး ထီးတော်တိမ်းစောင်းသွားခြင်း၊ ရွဲလုံးတော်ပတ်လည်နေရာ ကွဲအက်ခြင်း၊ ခေါင်းလောင်းမှောက်အနားရစ်နှင့် ကြာလှန်အကြား ကွဲအက်ခြင်း၊ ပရိဝုဏ် အနောက်မြောက်ထောင့်ရှိ ဓာတ်တော်တိုက်နှင့် ဧပြတိုက်တို့ ပျက်စီးခြင်း၊ စွယ်တော်တိုက် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ရသည်။ချမ်းသာရစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများအတွက် အနယ်နယ်အရပ်ရပ်မှ ပါဝင်လှူဒါန်းလိုပါက ဂေါပကအဖွဲ့ ဥက္ကဌ ဦးပိုမြင့် ဖုန်း 09 2052 630 သို ဆက်သွယ်နိုင်ကာ KPay မှလည်း ပေးပို့လှူဒါန်းနိုင်သည်။



