အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ မ---၊ ၄၂/၂၀၂၄ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြသဖြင့် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ 
အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
May 04 • 9:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


