မွန်ပြည်နယ်၊ ကျိုက်ထို့မြို့နယ်အတွင်း၌ သွေးတိုးဆီးချို ရောဂါအပါအဝင် အရေပြားရောဂါများကို နိုင်ငံတော်စရိတ်ဖြင့် မေလ (၅) ရက်မှ (၁၆) ရက်အထိ အခမဲ့စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဆုတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်းကိုလည်း စစ်ဆေးဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
May 04 • 9:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


