ဂွါဒီယိုလာ(၅၄ နှစ်)သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မန်စီးတီးအသင်းနှင့် နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ ၂၀၂၇ ခုနှစ် နွေရာသီအထိ ဆက်ရှိနေမည်ဖြစ်သည်။ မေ ၂ ရက်က Sky Sports သတင်း ဌာနနှင့်တွေ့ဆုံစဉ် ဂွါဒီယိုလာက ''စီးတီးနဲ့ ကျွန်တော့်ရဲ့စာချုပ် ပြီးသွားတဲ့အခါကျရင် ကျွန်တော်ရပ်လိုက်မှာ သေချာပါတယ်။ အနားယူဖြစ်မလားဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ အချိန်ခဏတော့ အနားယူဖြစ်မှာပါ။ အခုချက်ချင်း ဒါမှမဟုတ် ရာသီကုန် ဒါမှမဟုတ် စာချုပ်ကုန်ချိန်မှာ လမ်းခွဲမယ်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်ပြောတာက ဒီနေရာမှာ ကျွန်တော့်အချိန် ပြီးသွားတဲ့အခါကျရင်လို့ ပြောတာပါ။ အဲဒါက တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် ခဏအနားယူမှာပါ။ ကျွန်တော် အနားယူလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ခဏတော့ နားဖြစ်မှာပါ။ ကျွန်တော်ပြောချင်တာက ဒီနေရာမှာ အဆုံးသတ်ပြီးရင် ကျွန်တော် ခဏနားဖြစ်မှာပါ''ဟု ပြောကြားသည်။
May 04 • 9:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


