ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမြန်လမ်းမကြီး(၀)မိုင်နှင့် ၂၆/၄ မိုင်အနီး၌ မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၄၁၈,၆၃၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus နှစ်စီး၊ Mitsubishi Fuso Bus တစ်စီး၊ Sun Long Bus တစ်စီး၊ Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၃,၄၁၈,၆၃၀ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုးဖမ်းမိခဲ့
May 04 • 6:03 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


