အသက် ၃၂ နှစ်သာရှိသေးသော PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာ ဆီဝပ်ဆိုသူကို ကျားဖြန့် လူလိမ်များက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှဟုဆိုကာ လိမ်လည်ခြိမ်းခြောက်ပြီး ဘတ် ၈ သန်း ကျော်ရယူသွားကြောင်း သိရသည်။ ယင်းပို့စ်ကို ထိုင်းလူမှုကွန်ရက်မီဒီယာပေါ် နာမည်ကြီးတက်ကြွလှုပ်ရှားသူအဖြစ် အောင်မြင်နေသည့် ရှင်သန်ခြင်း အဖွဲ့ထူထောင်သူ Ekkapop Luangprasert က ၎င်း၏ ဖေ့စ်ဘုတ်ပေါ် မျှဝေခြင်းဖြင့် လူသိများသွားခဲ့ခြင်းဖြစ်သည်။



