ဘုန်းမောက်နဲ့ ရှုံးပွဲအပေါ် လက်ခံနိုင်စရာမရှိကြောင်း အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ပြောသွားပါတယ်။အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မတိုင်ခင် ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ဒက်ကလန်ရိုက်စ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန် ၆၇ နဲ့ ၇၅ မိနစ်တွေမှာ ဘုန်းမောက်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာပါ။ပထမပိုင်းမှာ ဦးဆောင်ဂိုးရပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းကစားပုံက လက်ခံနိုင်စရာ မရှိဘဲ အလွန်နှေးကွေးစွာ ကစားခဲ့ကြောင်း အသင်းခေါင်းဆောင် အိုဒီဂတ်က ပြောပါတယ်။
May 04 • 4:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 50 | 0 | 0 | 0 |


