၂၀၂၅ ခုနှစ်၊ မေလ ၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့်၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်နဲ့ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ဖြစ်ကာလှိုင်းအခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်မှာ၅ ပေမှ ၈ ပေခန့်ထိဖြစ်ကာရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။အမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ဖြစ်ပြီးလှိုင်းအခြေအနေမှာ-လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်မှာ- ၅ ပေမှ ၈ ပေခန့်ထိဖြစ်ပါတယ်။
May 04 • 4:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


