back

Dunce 3 ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ ရောဘတ်ပတ်တင်ဆန်

May 04 • 4:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

Dunce 3 ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ ရောဘတ်ပတ်တင်ဆန်

ဒါရိုက်တာ ဒန်နစ် ဗီလ်လန်ဗီရဲ့ထင်ရှားကျော်ကြားတဲ့သိပ္ပံဇာတ်လမ်းရဲ့နောက်ဆုံးအခန်းဖြစ်တဲ့ Dune 3 ဇာတ်ကားမှာ မင်းသား ရောဘတ်ပတ်တင်ဆန်ကို ပါဝင်ဖို့ ပြောဆိုဆွေးနွေးဖို...

ဒါရိုက်တာ ဒန်နစ် ဗီလ်လန်ဗီရဲ့ထင်ရှားကျော်ကြားတဲ့သိပ္ပံဇာတ်လမ်းရဲ့နောက်ဆုံးအခန်းဖြစ်တဲ့ Dune 3 ဇာတ်ကားမှာ မင်းသား ရောဘတ်ပတ်တင်ဆန်ကို ပါဝင်ဖို့ ပြောဆိုဆွေးနွေးဖို့လုပ်နေတယ်လို့ သိရပါတယ်။ တရားဝင်ကမ်းလှမ်းချက်မရှိသေးပေမဲ့ ဒါရိုက်တာ ဒန်နစ်က ရောဘတ်ပတ်တင်ဆန်ကို ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ Scytale နေရာအတွက် မျက်စိကျနေပါတယ်။ လက်ရှိမှာ ဒန်နစ်က Dune 3 ဇာတ်ညွှန်းကို အပြီးသတ်နေပြီး အခုနွေရာသီမှာ ရိုက်ကူးရေးစတင်ဖို့ စီစဉ်ထားတာပါ။ သူ့ရဲ့ Dune 1 နဲ့ Dune 2 ဇာတ်ကားတွေက အောင်မြင်မှုများစွာရရှိထားပြီး ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေ ဒေါ်လာ ၁.၁၂ ဘီလျံကျော်စီလည်း ရရှိထားတာပါ။


news-view-count-icon

19