back

ထိုင်းကို ၂၀၂၅ ခုနှစ် ပထမ ၄ လမှာ နိုင်ငံခြားသား ခရီးသွား ၁၂.၀၉ သန်း လာရောက်ခဲ့

May 04 • 3:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းကို ၂၀၂၅ ခုနှစ် ပထမ ၄ လမှာ နိုင်ငံခြားသား ခရီးသွား ၁၂.၀၉ သန်း လာရောက်ခဲ့

ထိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထိုင်းကို ၂၀၂၅ ခုနှစ် ပထမ ၄ လမှာ နိုင်ငံခြားသား ခရီးသွား ၁၂.၀၉ သန်း လာရောက်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ အရင်နှစ် အဲဒီကာလနဲ့ န...

ထိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထိုင်းကို ၂၀၂၅ ခုနှစ် ပထမ ၄ လမှာ နိုင်ငံခြားသား ခရီးသွား ၁၂.၀၉ သန်း လာရောက်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ အရင်နှစ် အဲဒီကာလနဲ့ နှိုင်းယှဉ်ရင် ၀.၂၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်း ဝင်ငွေဟာ အရင်နှစ်ကထက် ၅.၂၄ ရာခိုင်နှုန်း တိုးတက်လာပြီး ဘတ် ၅၇၆.၈၅ ဘီလီယမ် ရှိပါတယ်။ဆုန်ခရန် ပွဲတော် ကျင်းပတဲ့ ဧပြီလ တစ်လထဲမှာ နိုင်ငံတကာ ခရီးသွား ၂.၅၄ သန်း လာရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလထက် ၇.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။


news-view-count-icon

14