back

အလှမွေးငါးများအစာဖြစ်သည့် အမေရိကန်ပိုးဟပ်များကို မွေးမြူချိန်ကြာမြင့်ခြင်းနှင့် ဈေးကွက်မရှိခြင်းကြောင့် စိတ်ဝင်စားသူနည်း

May 04 • 2:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

အလှမွေးငါးများအစာဖြစ်သည့် အမေရိကန်ပိုးဟပ်များကို မွေးမြူချိန်ကြာမြင့်ခြင်းနှင့် ဈေးကွက်မရှိခြင်းကြောင့် စိတ်ဝင်စားသူနည်း

မွေးမြူသည့် အချိန်ကာလကြာမြင့်ခြင်းနှင့် ဈေးကွက်မရှိခြင်းတို့ကြောင့် အမေရိကန်ပိုးဟပ်(Dubia roach) များကို တိရိစ္ဆာန်အစာအဖြစ် မွေးမြူသူများ မရှိသလောက်နည်းပါးနေကြေ...

မွေးမြူသည့် အချိန်ကာလကြာမြင့်ခြင်းနှင့် ဈေးကွက်မရှိခြင်းတို့ကြောင့် အမေရိကန်ပိုးဟပ်(Dubia roach) များကို တိရိစ္ဆာန်အစာအဖြစ် မွေးမြူသူများ မရှိသလောက်နည်းပါးနေကြောင်း အင်းဆက်မွေးမြူကြသူ များထံမှ သိရ သည်။အဆိုပါ အမေရိကန်ပိုးဟပ်(Dubia roach)ကို တွားသွားသတ္တဝါများနှင့် အလှမွေးငါးများအတွက် အစာ အဖြစ် ပြည်တွင်း၌ လွန်ခဲ့သည့် သုံးနှစ်ခန့်က စတင်စမ်းသပ်မွေးမြူခဲ့ကြပြီး မွေးမြူသည့် အချိန်ကာလ ကြာမြင့်မှု နှင့် ဈေးကွက်မရှိခြင်းတို့ကြောင့် မွေးမြူကြသူများမှာ လက်ရှိအချိန်အထိ မရှိသလောက်နည်း သေးကြောင်း အင်း ဆက်မွေးမြူသူတစ်ဦးက ပြောသည်။


news-view-count-icon

24