မေလ(၃)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်း တိုးချဲ့ရပ်ကွက်၊ မေတ္တာချမ်းသာ ယာယီစခန်း မှ ငလျင်ဘေးသင့် အိမ်ထောင်စု (၃၁)စု အတွက် အိမ်ထောင်စု(၁)စုလျှင်ဆန်(၆)ပြည်အိတ်(၁)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ တာပေါ်လင်(၂) ချပ််၊ခြင်ထောင် (၁)လုံး၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို သွားရောက် ထောက်ပံ့ ကူညီခဲ့ပြီး အိမ်ထောင်စု(၁)စုလျှင် ၅၀,၀၀၀ ကျပ်နှုန်းဖြင့်အိမ်ထောင်စု(၃၁)စုအတွက် စုစုပေါင်း ၁,၅၅၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။



