back

မေ ၄ ရက်နေ့ နံနက် ၇ နာရီအချိန် ပြည်တွင်းမိုးလေဝသသတင်း

May 04 • 1:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မေ ၄ ရက်နေ့ နံနက် ၇ နာရီအချိန် ပြည်တွင်းမိုးလေဝသသတင်း

ယနေ့မေလ ၄ရက်နေ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်း...

ယနေ့မေလ ၄ရက်နေ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။ ယနေ့ညနေအထိ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် အခြားဒေသအများအပြားတွင် နေရာကျဲကျဲ သို့မဟုတ် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်၊ တနင်္သာရီနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုသင့်ပါသည်။ နောက် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။


news-view-count-icon

22