ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့နိုင်ငံခြားငွေကနေ ရရှိလာတဲ့ လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏနဲ့ တွက်ချက်ထားတဲ့ အခွန်ပမာဏကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ပေးဆောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အလုပ်အကိုင်ပတ်စ်ပို့ (PJ)၊ စီးပွားရေးပတ်ပို့စ် (PB) နဲ့ သင်္ဘောသားပတ်ပို့စ် (PS) ကိုင်ဆောင်ထားသူတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာသံရုံးကို လာရောက်ကြချိန်မှာ မိမိတို့ ထမ်းဆောင်လိုကြတဲ့ ကာလတွေအတွက် ဝင်ငွေခွန် ငွေသားတွေကို တပါတည်း ပေးဆောင်လျက်ရှိကြတယ်လို့ သိရပါတယ်။



