အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်း ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်က သရုပ်ဆောင်နေမင်းကတစ်ဆင့် အင်းလေးဒေသရှိ သလဲဦး ခွဲခြမ်းရွာကို ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ ပစ္စည်းပုံး ၅၄ ပုံး၊ ရေသန့်ကတ် ၁၀၀ တို့ကို လှူဒါန်းခဲ့ပါတယ်။အဆိုပါ လှူဒါန်းမှုမှာတော့ အင်းလေးဒေသရှိ သလဲဦး ခွဲခြမ်းရွာရှိ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ လက်ရှိ ပထမအကြိမ် လှူဒါန်းမှုမှာတော့ လူတွေရဲ့ လိုအပ်ချက်တွေ သေချာစစ်တမ်းကောက်ပြီး နောက်ပိုင်းလိုအပ်ချက်ဖြည့်ကာ ထပ်မံလှူဒါန်းမှုတွေ လုပ်ဆောင်ပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။



