back

အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ

May 03 • 4:54 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် OWIC ပြုလုပ်ခွင့် လျှောက်ထားတာမှာ ပေးပို့ရမယ့် အချက်အလက် အထောက်အထား ပြည့်စုံစွာ တင်ပြမှု မရှိတဲ့ လျှောက်လွှာတွေကို လက်ခံစာရင...

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် OWIC ပြုလုပ်ခွင့် လျှောက်ထားတာမှာ ပေးပို့ရမယ့် အချက်အလက် အထောက်အထား ပြည့်စုံစွာ တင်ပြမှု မရှိတဲ့ လျှောက်လွှာတွေကို လက်ခံစာရင်းပေးသွင်းမှာ မဟုတ်ဘူးလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။ OWIC ကတ် ပြုလုပ်ခွင့်လျှောက်ထား ရာမှာ ပြည်ပကနေ ခွင့်ပြန်လာတဲ့ အလုပ်သမားတွေနဲ့ မိမိအစီစဉ်နဲ့ ကျွမ်းကျင်အလုပ်သမားအဖြစ် ပြည်ပသွားရောက်မယ့် သူတွေ သာ လျှောက်ထားမှု အတွက် စာရင်းဝင်၊ မဝင် စိုးရိမ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ OWIC ကတ်ပြုလုပ်ခွင့် အတွက် လျှောက်ထားရန် လိုအပ်တဲ့ အချက်အလက်တွေ ပေးပို့ရမယ့်အထောက်အထားတွေ ကိုတော့ အလုပ်သမားဝန်ကြီးဌာန ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Safe migration မှာ အသိပေးကြေညာထားပါတယ်။ 



news-view-count-icon

21