back

အိန္ဒိယ ဘုရားကျောင်းတစ်ခုတွင် လူအုပ်တက်နင်းမှုကြောင့် လူခြောက်ဦး သေဆုံး

May 03 • 2:32 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ ဘုရားကျောင်းတစ်ခုတွင် လူအုပ်တက်နင်းမှုကြောင့် လူခြောက်ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းပြည်နယ် ဂိုအာရှိ ဘုရားကျောင်းတစ်ခုတွင် ဟိန္ဒူဘာသာဝင်များ ရာနှင့်ချီ၍ စုဝေးရောက်ရှိနေသည့် အခမ်းအနားတစ်ခု၌ လူအုပ်တက်နင်းမှုကြေ...

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းပြည်နယ် ဂိုအာရှိ ဘုရားကျောင်းတစ်ခုတွင် ဟိန္ဒူဘာသာဝင်များ ရာနှင့်ချီ၍ စုဝေးရောက်ရှိနေသည့် အခမ်းအနားတစ်ခု၌ လူအုပ်တက်နင်းမှုကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိတစ်ဦးက မေလ ၃ ရက် စနေနေ့တွင် ပြောကြားသည်။ မီးနင်းခြင်းအပါအဝင် ဘာသာရေးအခမ်းအနားများအတွက် ရေပန်းစားသည့် Shirgao ကျေးရွာရှိ Shri Lairai Zatra ပွဲတော်တွင် မေလ ၂ ရက် သောကြာနေ့ညပိုင်းက လူအုပ်တက်နင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘာသာရေးအခမ်းအနားကို လာရောက်ကြည့်ရှု့သည် ကိုးကွယ်ယုံကြည်သူများသည် ထုံးတမ်းစဉ်လာလုပ်ဆောင်ချက်များကို ဆောင်ရွက်ကြရင်း လူအုပ်ပြိုမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ 

     


news-view-count-icon

16