back

တွမ်မီနေးက ယူနိုက်တက်အသင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးကို ဘယ်တုန်းကမှ မရခဲ့ဘူးလို့ ကွန်တီ ရှင်းလင်း

May 03 • 2:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

တွမ်မီနေးက ယူနိုက်တက်အသင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးကို ဘယ်တုန်းကမှ မရခဲ့ဘူးလို့ ကွန်တီ ရှင်းလင်း

နာပိုလီအသင်းနည်းပြ အန်တိုနီယို ကွန်တီက မန်ချက်စတာ ယူနိုက်တက်မှာ အများအားဖြင့် အရန်ကစားသမားအဖြစ်သာ ရှိခဲ့ပြီး ခြေစွမ်းမမှန်ခဲ့တဲ့ စကော့ မက် တွမ်မီနေးဟာ နာပိုလီအသ...

နာပိုလီအသင်းနည်းပြ အန်တိုနီယို ကွန်တီက မန်ချက်စတာ ယူနိုက်တက်မှာ အများအားဖြင့် အရန်ကစားသမားအဖြစ်သာ ရှိခဲ့ပြီး ခြေစွမ်းမမှန်ခဲ့တဲ့ စကော့ မက် တွမ်မီနေးဟာ နာပိုလီအသင်းနဲ့အတူ ဘာကြောင့် ဒီလောက်တောင် ခြေစွမ်းပြ ကစားနေသလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ပါတယ်။ “ယူနိုက်တက်မှာ ဘယ်တုန်းကမှ အဓိကကျတဲ့ အခန်းကဏ္ဍမျိုး မရခဲ့ဘူး။ အဲ့ဒီ အဓိက အခန်းကဏ္ဍကို ကျွန်တော်တို့က ဒီမှာ သူ့ကို ပေးအပ်ခဲ့တယ်။ ကြိုးစားအားထုတ်မှုတွေနဲ့အတူ သူဟာ အများကြီး တိုးတက်လာခဲ့ပြီး ဒီနေ့မှာတော့ သူဟာ ပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ တိုးတက်လာသလိုပဲ အသင်းသားတိုင်းလည်း တိုးတက်လာခဲ့ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဘာကြောင့် (၇၄)မှတ် ရရှိနေသလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲသွားပါလိမ့်မယ်။” လို့ ကွန်တီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


news-view-count-icon

12