ငလျင်ဒဏ်သင့်မန္တလေးမြို့မှာ၊ အိမ်ငှားခစျေးနှုန်း ပုံမှန်ထက်နှစ်ဆကျော်မြင့်တက်သွားသဖြင့် ငလျင်ဘေးသင့်ပြည်သူများ အခက်တွေ့နေကြကြောင်း သိရသည်။ငလျင်မလှုပ်ခတ်စဥ်က၊ ငှားရမ်းခ တစ်လ တစ်သိန်းခွဲကျပ်ခန့်သာရှိခဲ့သည့် အိမ်ငှားခစျေးနှုန်းများ သည်၊ ငလျင်လှုပ်ခတ်မှုအပြီး တစ်လခန့်အကြာတွင်၊ သုံးသိန်းကျပ်နှင့်အထက်အထိ စျေးမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိ မန္တလေးမြို့၏ အိမ်ငှားခစျေးနှုန်းအနေနှင့် မြို့သစ်ရပ်ကွက်များနှင့် ၎င်းအနီးဝန်ကျင်အစွန်အ ဖျားတွင်ပင် ပေ ၂၀ ပေ ၄၀ ထရံကာသွပ်မိုး အခန်းဖွဲ့မပါဝင်သောနှစ်ထပ်အိမ်တစ်လုံးကို တစ်လ ၅ သိန်းကျပ်နှုန်း စျေးပေါက်နေပြီး၊ အနည်းဆုံး ၆ လ ငှားရမ်းမှ ရကြောင်းသိရသည်။



