မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် ဟိမဝန္တာဝက်ဝံများသည် အကောင်ရေကျဆင်းလာသဖြင့် ထိန်းသိမ်းရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။" အကောင်းအရေကျဆင်းလာတဲ့ အဓိကအကြောင်းအရင်းကတော့ လူတွေကြောင့်ပါပဲ၊ အလှမွေးဖို့နဲ့ရော၊ ရောင်းစားဖို့ရော၊ တခြားနိုင်ငံကို တင်ပို့ဖို့ ရော၊ အသားအတွက်လည်း ရောင်းကြတာရှိတယ်။၊ တချို့ကကျတော့လည်း ဟိမဝန္တာဝက်ဝံတွေရဲ့လက်ဖဝါးတွေ၊ ခြေဖဝါးတွေကို ဖြတ်ပြီးတော့ တိုင်းရင်းဆေးအဖြစ် ဖြတ်ရောင်းကြတာမျိုးတွေလည်း ရှိတယ်၊ ဝက်ဝံတွေရဲ့ လိင်အင်္ဂါတွေကို ဖြတ်ပြီးတော့ ပရဆေးအသုံးအနေနဲ့ သုံးကြတာမျိုးတွေရှိတယ် " ဟု သိရပါသည်။



