back

နှစ်လကျော်ပျောက်ဆုံးပြီး အရိုးစုသာတွေ့ခဲ့သော ဗျာပုံမြို့အမျိုးသမီးငယ်အမှုမှ သံသယရှိသူ လေးဦးကိုဖမ်းဆီးထား

May 03 • 1:40 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

နှစ်လကျော်ပျောက်ဆုံးပြီး အရိုးစုသာတွေ့ခဲ့သော ဗျာပုံမြို့အမျိုးသမီးငယ်အမှုမှ သံသယရှိသူ လေးဦးကိုဖမ်းဆီးထား

နှစ်လကျော်ပျောက်ဆုံးပြီး မှ အရိုးစုသာကျန်သော ရုပ်အလောင်းကိုတွေ့သည့် ဖျာပုံမြို့နယ်မှ အမျိုးသမီး ငယ်အမှုကိစ္စနှင့် ပတ်သက်၍ သံသယရှိသူလေးဦးကို ဖမ်းဆီးထားကြောင်း ဒေ...

နှစ်လကျော်ပျောက်ဆုံးပြီး မှ အရိုးစုသာကျန်သော ရုပ်အလောင်းကိုတွေ့သည့် ဖျာပုံမြို့နယ်မှ အမျိုးသမီး ငယ်အမှုကိစ္စနှင့် ပတ်သက်၍ သံသယရှိသူလေးဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ဖမ်းဆီးထားသော သံသယရှိသူများတွင် မောင်ဝမ်းကွဲတော်စပ်သူအပါအဝင် လေးဦးဖြစ်ပြီး လတ် တလော၌ ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ဆိုထားကြသည်။ပျောက်ဆုံးသွားသော ဆိုင်ကယ်တစ်စီး၊ I phone တစ်လုံး၊ ရွှေထည်ပစ္စည်းများပျောက်ဆုံးနေ ကြောင်း၊ အင်္ကျီလက်ရှည် ဝတ်ဆင်ထားခြင်းကြောင့် လက်ကောက်ဝတ်တွင် ဟန်းချိန်း ကျန်ရှိခဲ့ရာမှ ရုပ်အ လောင်း မှာ မည်သူမည်ဝါ ဆိုသည်ကို ခွဲခြားနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း ဆက်လက်သိရသည်။



news-view-count-icon

14