back

အင်အားပြင်းငလျင်ကြောင့် ပြိုကျသည့် Sky Villa ကွန်ဒိုမှ ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိ

May 03 • 11:05 AM

breaking-news

မြန်မာ

မန္တလေး

cover

အင်အားပြင်းငလျင်ကြောင့် ပြိုကျသည့် Sky Villa ကွန်ဒိုမှ ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိ

အင်အားပြင်းငလျင်ကြောင့် ပြိုကျသည့် Sky Villa ကွန်ဒိုမှ ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။မေ ၃ ရက် ...

အင်အားပြင်းငလျင်ကြောင့် ပြိုကျသည့် Sky Villa ကွန်ဒိုမှ ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။မေ ၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် Sky Villa ကွန်ဒို အဆောင် C မှ အမျိုးသားအလောင်းတစ်လောင်းနှင့် ၂ နာရီ ၁၅ မိနစ်တွင် အဆောင် C မှပင်ဖြစ်သည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Sky Villa ကွန်ဒိုတွင် ရုပ်အလောင်းရှာဖွေခြင်းနှင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

news-view-count-icon

31