အင်အားပြင်းထန်သော မန္တလေးငလျင်ကြောင့် ခြေလက်ဆုံးရှုံးသူ လူနာများအားလုံးကို ၎င်းတို့၏ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။မေလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ခြေတုလက်တုနှင့် အားပြုကိရိယာအလုပ်ရုံသို့ ရောက်ရှိစဥ် ယခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အကြီးအကဲမှလည်း စေတနာအပြည့်အ၀ဖြင့် အလုံးစုံခြေတုလက်တုများအပြီးအစီး တပ်ဆင်ပေးနိုင်သည်အထိ အပြည့်အ၀ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လမ်းညွန်ထားကြောင်းလည်း ပြောကြားသည်။
May 03 • 10:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


