ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) သည် ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း ဆိုင်ကယ်ထုတ်လုပ်မှု တိုးခဲ့သော်လည်း တနှစ်တာ ထုတ်လုပ်မှု ရည်မှန်းချက်ကို လျှော့ချရန် ချင့်ချိန်နေသည်။ထိုင်းစီးပွားရေး နှေးကွေးနေခြင်း၊ နိုင်ငံခြား ခရီးသွားများ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝင်ရောက်မှု ကျဆင်းခြင်းနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်များကြောင့် စီးပွားရေး မသေချာမရေရာမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် လျှော့ချရခြင်းဖြစ်သည်။“မော်တော်ကားလုပ်ငန်းနဲ့ ဆက်စပ်ကဏ္ဍတွေအတွက် နောက်ထပ်ခက်ခဲတဲ့နှစ်တစ်နှစ်ပါပဲ။ အခုနှစ် နှစ်လယ်မှာ ရည်မှန်းချက်ကို ကျွန်တော်တို့ လျှော့ဖို့ အစီအစဉ် ရှိပါတယ်"ဟု FTI ၏ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ချုပ် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ ကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောသည်။
ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ်(FTI) သည်ထိုင်းနိုင်ငံတွင်တနှစ်တာ ထုတ်လုပ်မှု ရည်မှန်းချက်ကို လျှော့ချရန် ချင့်ချိန်နေ
May 03 • 10:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


