မေ ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် မြ၀တီဘက်ခြမ်းမှ ထိုင်းနိုင်ငံအတွင်းပိုင်းထဲအထိ သွားရောက် အလုပ်လုပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့် ခိုးဝင်လာခဲ့သော မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၉ ယောက်ကို ထိုင်း နယ်ခြားစောင့်တပ်က တာ့ခ်ခရိုင်၊ ဖုပ်ဖရခရိုင်ခွဲ ဟွိုင်နမ်နက်ရွာအနီး၌ ဖမ်းဆီးခဲ့ ကြောင်း သိရသည်။အဆိုပါအဖွဲ့သည် ပွဲစားကို ဘတ် ၁၅၀၀၀ ပေးရပြီး ထိုင်းနိုင်ငံအတွင်းပိုင်းထဲအထိ သွားရောက် အလုပ် လုပ်ကိုင်ရန် အထောက်အထားမဲ့ ခိုးကူးလာခဲ့ခြင်းဖြစ်ကာ ဖုပ်ဖရသား ထိုင်းနိုင်ငံသား ၂ဦးနှင့်အတူ ၎င်း တို့တင်ဆောင်မောင်းနှင်လာသည့် Toyota Hilux Revo နှင့် Isuzu D-Max ကား နှစ်စီးကို သိမ်းဆည်း ရမိကာ အားလုံးကို ဖုပ်ဖရ ရဲစခန်းသို့ အမှုဖွင့်အရေးယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖုပ်ဖရတွင် ပွဲခ ဘတ် ၁၅၀၀၀ ပေးပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ယောက် ဖမ်းခံရ
May 03 • 10:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


