back

ချီလီနဲ့ အာဂျင်တီးနားမှာ အင်းအားပြင်း ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွေ့ပြောင်း

May 03 • 10:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချီလီနဲ့ အာဂျင်တီးနားမှာ အင်းအားပြင်း ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွေ့ပြောင်း

ချီလီနိုင်ငံတောင်ပိုင်းမှာ ရစ်ချ်တာစကေး ၇ ဒဿမ ၄ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီးနောက် ချီလီနဲ့ အာဂျင်တီးနားကမ်းရိုးတ...

ချီလီနိုင်ငံတောင်ပိုင်းမှာ ရစ်ချ်တာစကေး ၇ ဒဿမ ၄ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီးနောက် ချီလီနဲ့ အာဂျင်တီးနားကမ်းရိုးတန်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။တောင်အမေရိက တောင်ဘက်စွန်း ကိပ်ဟွန်းအနီးမှာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၈ မိနစ်က လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကာ လူထောင်ပေါင်းများစွာဟာ ကုန်းမြင့်ဒေသတွေကို ရွေ့ပြောင်းခဲ့ပါတယ်။ငလျင်ဗဟိုချက်ဟာ ကမ္ဘာ့တောင်ဘက်စွန်းမြို့ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံ လူရှူးရာမှ ၁၃၆ မိုင်အကွာမှာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ထားပါတယ်။

news-view-count-icon

14