အင်းလေးဒေသ ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲအဖြစ် M4 MEGA ကြက်တောင်ရိုက်ပြိုင်ပွဲကို တောင်ကြီးမြို့မှာ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီးပွဲကျင်းပစရိတ် ကုန်ကျစရိတ်အားလုံးကို M4 MEGA ကုမ္ပဏီမှ ကျခံပေးသွားမယ့် အဆိုပါပွဲဟာ ဝင်ကြေးအခမဲ့ ဆိုပေမယ့် လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေထံကတော့ အလှူငွေ ကောက်ခံသွားမှာဖြစ်ကာ ရရှိလာတဲ့ အလှူငွေအားလုံးကို လှူဒါန်းမှာဖြစ်ပါတယ်။ အဆိုပါပွဲသို့ဝင့်ယမုံနိုင်၊ ထက်ထက်ထွန်း၊ သဇင်နွယ်ဝင်း စတဲ့ မင်းသမီးချောတွေ ပါဝင် ယှဉ်ပြိုင်ကာ အဆိုပါပြိုင်ပွဲကို ဒိုင်တွေအဖြစ်တော့ သရုပ်ဆောင်ထူးအောင်၊ ထွန်းထွန်းတို့ လုပ်ပေးမှာလည်းဖြစ်ပါတယ်။
အင်းလေးဒေသ ငလျင်ဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များမှ M4 MEGA ကြက်တောင်ရိုက်ပြိုင်ပွဲကို တောင်ကြီးမြို့မှာ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်
May 03 • 9:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


