အဆိုတော်အေးချမ်းမေက မာနကြောင့်လား မဟုတ်ရင်မခံတတ်တဲ့စိတ်ကြောင့်လား မမှားဘဲ မတောင်းပန်တတ်တဲ့စိတ်ကြောင့် ၊ ဝန်ခံစာဘာကြောင့်တင်ရမှာလဲ ဆိုတဲ့ အကြောင်းအမျိုးမျိုးသော စိတ်တွေနဲ့ သူမချစ်တဲ့ ဂီတလောကကို ကျောခိုင်းပြီး ဘဝကြီးကို ခက်ခဲစွာ တစ် ကနေ ပြန်စခဲ့ရတာလည်းဖြစ်ပါတယ်။ သူမ ဂီတလောကကနေထွက်ခွာသွားချိန်ဟာ အသက်အရွယ်၊ ရုပ်ရည်နုပျိုမှု ၊ အောင်မြင်ကျော်ကြားမှုအရ ထိပ်ဆုံးကိုရောက်ရှိနေချိန်မှာ သူမရဲ့အောင်မြင်မှုတွေကို စွန့်လွှတ်နိုင်တဲ့အထိ သူမရဲ့ရွေးချယ်မှုတွေက ပြတ်သားခဲ့ပါတယ်။ သူမရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့် ခံဝန်ကတိလည်းမထိုးခဲ့ဘဲ သူမရွေးချယ်တဲ့ဘဝလမ်းကို အိုးတိုက်ပန်းကန်ဆေး၊ ဆူရှီလိပ်ပြီး ဘဝသစ်တစ်ခုကို ခက်ခဲစွာပြန်လည်စတင်ခဲ့တာပါ။ အဲဒီအချိန်မှာ ဆုံးပါးသွားတဲ့ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကိုတောင် မြင်တွေ့ခွင့်မရခဲ့လိုက်ဘူးလို့ အေးချမ်းမေက သူဖြတ်သန်းရွေးချယ်ခဲ့တဲ့ ဘဝလမ်းခရီးအကြောင်းကိုပြောပြပါတယ်။
အဆိုတော်အေးချမ်းမေဟာ ဂီတလောကကနေ အနှစ် ၂၀ နီးပါးပျောက်ကွယ်ခဲ့ပြီး သူမဘဝကို တစ် ကပြန်စခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာ
May 03 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 67 | 0 | 0 | 0 |


