၃.၅.၂၀၂၅ ရက်ယနေ့၊ ၁၁နာရီ ၄၅ မိနစ်အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ဂဏန်းကျွန်းအရှေ့၊ တနင်္သာရီမြစ်အတွင်း ဆီတင်ဗောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ၀၅မိနစ် အချိန် တွင်မီးငြိမ်းခဲ့ပါတယ်။



