ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းသည် လာမည့်MNL League Cup 2025 ပြိုင်ပွဲအတွက် ရာသီကြိုပြင်ဆင်မှုများစွာနှင့် ကစားသမားခေါ်ယူပြင်ဆင်မှုများစွာပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ပြည်ပကစားသမားခေါ်ယူအားဖြည့်မှုအဖြစ် မွန်ဂိုလီးယား ပရီးမီးယားလိဂ်ကလပ် ဘရီရာအသင်းမှ ဂျပန်ကစားသမား အိုတိုဆိုင်တိုအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူနိုင်ခဲ့ပြီဖြစ်သလိုကစားသမားအိုတိုဆိုင်တိုသည် အသက် (၂၅) နှစ်ရှိပြီဖြစ်ကာ Australia NPL1 ၊ Germany Oberligen နှင့် Mongolia Mongolia Premier League ပြိုင်ပွဲတို့တွင် ကစားခဲ့ပြီးတိုက်စစ်၏နေရာစုံတွင် လျှင်လျှင်မြန်မြန်ကစားနိုင်သော ကစားသမားလည်းဖြစ်ပါတယ်။



