back

ကွမ်းလုံ ကြိုးတံတားဟောင်းပြန်လည်ပြုပြင်မှုပြီးစီး၍ လက်ရှိတွင် ဆိုင်ကယ်၊ ကားအသေးများ ဖြတ်သန်း သွားလာနိုင်

May 03 • 5:39 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကွမ်းလုံ ကြိုးတံတားဟောင်းပြန်လည်ပြုပြင်မှုပြီးစီး၍ လက်ရှိတွင် ဆိုင်ကယ်၊ ကားအသေးများ ဖြတ်သန်း သွားလာနိုင်

ကွမ်းလုံမြို့ရှိ ကြိုးတံတားဟောင်းကို ပြန်လည်ပြုပြင်ခဲ့ပြီး ကားအသေးတွေနဲ့ ဆိုင်ကယ်တွေစတင် ဖြတ်သန်းသွားလာနိုင်ပြီလို့ သိရပါတယ်။ကွမ်းလုံကြိုးတံတားကို ပြီးခဲ့တဲ့ ...

ကွမ်းလုံမြို့ရှိ ကြိုးတံတားဟောင်းကို ပြန်လည်ပြုပြင်ခဲ့ပြီး ကားအသေးတွေနဲ့ ဆိုင်ကယ်တွေစတင် ဖြတ်သန်းသွားလာနိုင်ပြီလို့ သိရပါတယ်။ကွမ်းလုံကြိုးတံတားကို ပြီးခဲ့တဲ့ ဧပြီ ၂၇၊ ၂၈ ရက်နေ့ ဝန်းကျင်လောက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှု့ခဲ့ပြီးနောက် ပြန်လည်ပြုပြင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

"အိမ်စီးကားလေတွေ သွားလာလို့ရအောင် သံပြားနဲ့တံတားထိုးထားပေးတယ်။ ကား၊ ဆိုင်ကယ်လောက်သွားလို့ရပြီ။ တံတားဦးဘက်က လူတွေလည်း သွားလာကြပါပြီ။ ကားကြီးတွေတော့မရဘူး။ ဒေသခံ ပြည်သူတွေ သွားလာရတာ အဆင်ပြေဖို့ လုပ်ထားပေးတာပေါ့။ ကုန်ကားကြီးတွေဆိုရင် တံတားသစ်ကနေပဲ သွားလို့ရတယ်။ ကားကြီးတွေသွားလို့မရအောင် အမြင့်ကို သံနဲ့ကာထားတယ်" လို့ ကွမ်းလုံဒေသခံတစ်ဦး က ပြောပါတယ်။



news-view-count-icon

47