မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ၃.၅.၂၀၂၅ ရက်ယနေ့တွင် ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကာသွေးလှူဒါန်းသည့်မီးသတ်တပ်ဖွဲ့ဝင်များ ဆေးဝါး၊ ကြက်ဥ၊ အအေးနှင့် တပ်ဖွဲ့နေ့အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။



