သရုပ်ဆောင် ခိုင်နှင်းဝေက မိခင်ဖြစ်သူဒေါ်ချိုချိုမာရဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။ ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုအစုစုကို ဦးဆောင်လုပ်ကိုင်နေရသူလည်းဖြစ်တာကြောင့် အလုပ်တွေ မအားလပ်တဲ့ကြားက မိခင်ဖြစ်သူရဲ့မွေးနေ့ပွဲလေးကို သွားရောက်ကျင်းပပေးခဲ့ပါတယ်။ သမီးလေးရွှန်းရွှန်းနဲ့အတူတူနေထိုင်နေတဲ့ မိခင်ဆီသွားရောက်ကာ မွေးနေ့ကိတ်ခွဲပြီး အနမ်းတွေဖလှယ်ခဲ့ကြတာတွေ့ရပါတယ်။
May 03 • 3:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


