back

ထရမ့်အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း ၅၀ဖိုး လက်နက်ရောင်းချ

May 03 • 1:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရမ့်အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း ၅၀ဖိုး လက်နက်ရောင်းချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူက ရိန်း သို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး လက်နက်များ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ကိယ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူက ရိန်း သို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး လက်နက်များ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ကိယက်ဗ်ပို့စ် သတင်း က ဖော်ပြခဲ့သည်။

သံတမန်အသိုင်းအဝိုင်းမှ ၎င်း၏သတင်းရင်းမြစ်များကို ကိုးကား၍ ကိယက်ဗ်ပို့စ် သတင်းဌာနက ဖော်ပြ ရာတွင် တိုက်ရိုက်ကုန်သွယ်မှု (DCS) မှတစ်ဆင့် အမေရိကန် ဒေါ်လာ သန်း ၅၀ သို့မဟုတ် ထို့ထက်ပိုသော စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများ ယူကရိန်းသို့ တင်ပို့မှုကို အတည်ပြုရန် ဧပြီ ၃၀ ရက်တွင် အစိုးရက ကွန်ဂရက်သို့ အသိပေးခဲ့သည်။ အဆိုပါအသိပေးမှုကို လက်နက်တင်ပို့မှုထိန်းချုပ်ရေးအက်ဥပဒေဖြင့် ကွန်ဂရက်သို့တင်သွင်းခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများ ရောင်းချခြင်း အပါအဝင် နည်းပညာ ဆိုင်ရာ အချက်အလက်များနှင့် အချို့သော ဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

20