back

ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းစည်းဝေး

May 02 • 5:18 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းစည်းဝေး

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးအား ယနေ့ မေ ၂ ရက်နေ့လည် ...

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးအား ယနေ့ မေ ၂ ရက်နေ့လည် ၁ နာရီက စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)၌ကျင်းပခဲ့သည်။အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့ကျောင်းပြိုကျပျက်စီးမှု၊ ပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရှိမှုနှင့် လိုအပ်သည့်ကူညီထောက်ပံမှုများပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးလျှောက်ထားခဲ့ကြပြီး IBEC ဆရာတော်မှ ဘ/က နှင့် သ/က ကျောင်းများ၏ အခြေအနေများကိုသုံးသပ်၍ အနှစ်ချုပ်လျှောက်ထားခဲ့ကာ လိုအပ်သည်များဆက် လက်ဆောင်ရွက်နိုင်ရန် အစီအစဥ်များရေးဆွဲခဲ့ကြသည်။



news-view-count-icon

35