မိုးရွာချိန် တောင်ကြီးမြို့ရှောင်လမ်း လမ်းချော် လမ်းပျက်ခြင်းကြောင့်အန္တရာယ်အလွန်များပြီး သတိဖြင့် မောင်းနှင်ရန်ကားဆရာများကအသိပေးပြောဆိုထား သည်။တောင်ကြီးတွင် ဧပြီလကုန်ရက်မှစပြီး နေ့စဉ် မိုးရွာသွန်းသဖြင့် မြို့ရှောင်လမ်း ဆင်တောင်အတက်လမ်းတွင် တွဲကားကြီးများတန်းစီ စောင့်ဆိုင်းနေရပြီး ၊ သတိဖြင့် မောင်းနှင် ရကြောင်း ယာဉ်မောင်း များက ဆိုသည်။တောင်ကြီးမြို့၊ တောင်ဘက် မြို့ရှောင်လမ်းသည် ရွှေညောင်မှ စတင်ကာ၊ စက်မှုဇုန်အနီးရှိ မွေးမြူရေးဇုန်၊ ထီရီး ကျေးရွာ၊ လင်းကွင်းကျေးရွာမှ တောင်ဘက်အတိုင်း ညိုမီးကျေးရွာ၊ နောင်ထလိကျေးရွာ မှ တဆင့် တောင်ကြီးအထွက် ရှိ ၄ မိုင်ကွေ့ တွင်ပြန်လည်ထွက်ရှိလာမည်ဖြစ်ပြီး၊ အေးသာယာနှင့် တောင်ကြီးမြို တို့ကို ရှောင်ကွင်းနိုင်ကြောင်း သိရသည်။



