ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ နှစ်လနီးပါးပိတ်ခံထားရတဲ့ ဒေသခံတွေရဲ့တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။“နှစ်ပတ်ဖွင့်ပေးမယ်လို့ ပြောတယ် နှစ်ပတ်အတွင်းအဆင်ပြေပြီး ဘာပြဿနာမှမရှိရင်တော့ ပုံမှန်ပြန်ဖွင့်မယ့်တဲ့။ အခု ရွာသားတွေကတော့ သွားသွားလာလာ ပြန်လုပ်နေကြပြီ”လို့ ဆားမှော်ဒေသခံ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။



