ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲသည် တံကောက်ကြောဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ခွန်ဒဲသည် အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမှာပင် လူစားလဲခံခဲ့ရသည်။ ယခုအခါ စမ်းသပ်စစ်ဆေးမှုများအရ ၎င်းအနေဖြင့် (၃)ပတ်ဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း သိရသည်။



