ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းတဲ့အနေနဲ့ တံခွန်တိုင် သမိုင်းကြောင်းနဲ့ ယင်းဘော်လူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှု အကြောင်းကို ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ၃ရက်တာ သင်ကြားပို့ချပေးခဲ့ပါတယ်။သင်တန်းမှာ တံခွန်တိုင် သမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံ ၊ တံခွန်တိုင်ရဲ့ အစိတ်အပိုင်း အခေါ်အဝေါ်၊ ကြက်ရိုးထိုးရတဲ့ ရည်ရွယ်ချက်၊ ယင်းဘော်လူမျိုးစုတွေရဲ့ဆင်းသက်လာပုံ၊ ရိုးရာဝတ်စားဆင်ယင်ပုံတွေကို ပို့ချ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။၃ ရက်တာ ဖွင့်လှစ်ခဲ့တဲ့ အဆိုပါသင်တန်းကို စစ်ဘေးရှောင်နဲ့ ကျေးရွာခံ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါတယ်။



