ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြိုကုန်းကျေးရွာအုပ်စု ပေပင်စုကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းတွင် ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားစေရေးအတွက်
၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။သင်တန်းသူ (၂၀)ဦး ရှိကာ သင်တန်းနည်းပြ (၁)ဦး မှ ယနေ့မှစ၍(၄၅)ရက် သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေး သင်တန်းများကို စဥ်ဆက်မပြက်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။



